စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ(အမရပူရ)နှင့်

ရက်ကန်းနှင့်အသက်မွေးပညာသင်တန်း ကျောင်း (၁၃)ကျောင်းတို့တွင် သင်ကြားလျက်ရှိသောသင်ရိုးညွှန်တမ်းများပြုပြင်ရေးဆွဲရေးနှင့် ရက်ကန်းကျောင်းမျာ

းဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆)

အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတက်ရောက်အဖွင့်

အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးကျော်ငွေ

(သမဝါယမ ကဏ္ဍ)၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ 

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်ရိုးညွှန်တမ်းပြုပြင်ရေးဆွဲရေးအဖွဲ့ဝင်များနှင့်

တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသောဧည့်သည်တော်များစုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ကြပါသည်။

Videos

 

 










 
 

On Facebook

Find us on >