နေပြည်တော် နိုဝင်ဘာ ၁၀

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးလျက်ရှိရာတွင် အခြေခံမူတစ်ရပ်ဖြစ်သော မြန်မာ့ရိုးရာလက်မှုအနုပညာ ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုဂံမြို့တွင်ယွန်းပညာကောလိပ်ကို တည်ထောင်ဖွင့်လှစ်ထားပြီးပညာရပ်ဆိုင်ရာ ထွန်းကားပြန့်ပွားရေးအပြင် ယွန်းထည်ပစ္စည်းလုပ်ငန်းဈေးကွက်ဖွံ့ဖြိုးရေးကိုလည်း အားပေးကူညီလျက်ရှိပါသည်။

              ယခုအချိန်အခါသည် ကမ္ဘာတစ်ဝှမ်းလုံး COVID-19ကပ်ရောဂါကိုခံစားနေရချိန် ဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းနေသည့် အချိန်ဖြစ်ပြီးယွန်းထည်ဈေးကွက်မှာလည်း ရပ်ဆိုင်းမှုများတွေ့ကြုံနေရပါသဖြင့် မြန်မာ့ယွန်းလက်မှုပညာများ တိမ်ကောပပျောက်မှုမရှိစေဘဲ ပြည်ပယွန်းဈေးကွက်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်လျက် ပြည်ပနိုင်ငံများရှိစီးပွားရေးကောင်စစ်ဝန်ရုံးများတွင် ယွန်းထည်ပြသထားရှိပြီး ဈေးကွက်ပြန်လည်ရရှိရေးဆောင်ရွက်နိုင်ရန်အတွက် ယွန်းထည်ပစ္စည်းမျိုးစုံ(၃၅၄)မျိုး၊ တန်ဘိုးကျပ်(၁၆.၉၈)သန်းနှင့်

ယွန်းCatalogueအုပ်ရေ(၃၀၀)တို့အား ၁၃.၁၀.၂၀၂၀ ရက်နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

Videos

 

 










 
 

On Facebook

Find us on >