၁။    တိရစ္ဆာန်များအတွက် ဒေသအတွင်းရရှိနိုင်သည့် ဆန်၊  ဆန်ကွဲ၊ ဖွဲနု၊ ကောက်ရိုး၊ ပြောင်းရိုး၊ ပဲရိုး၊ ပဲမှော် အစရှိသည့် တိရစ္ဆာန် အစာနှင့် သောက်သုံးရေများအား လုံလောက်စွာ ကြိုတင်စုဆောင်းထားရန်။
၂။    ဒေသအတွင်း အရေးပေါ်အခြေအနေအရ တိရစ္ဆာန်များအား ရေဘေးကင်းရာအရပ်သို့ ရွေ့ပြောင်းရန် လိုအပ်ပါက ရေဘေးန္တရာယ်မှ ကင်းလွတ်သောကုန်းမြင့်၊ တောင်ကုန်းများတွင် ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် တိရစ္ဆာန်များအတွက် ယာယီအဆောက်အဦး၊ တဲများ ကြိုတင် ဆောက်လုပ်ထားရန်။
၃။    ရေဘေးအန္တရာယ် ကျရောက်လာပါက တိရစ္ဆာန်များအား ရေလွတ်သောနေရာများသို့ အလျင်အမြန် ရွေ့ပြောင်းနေရာချထားရန်နှင့် အချိန်မီဆောင်ရွက်နိုင်ခြင်း မရှိပါက တိရစ္ဆာန်များအား ကြိုးချည်နှောင် ထားခြင်း၊ ခြံလှောင်ထားခြင်းများ မဖြစ်ပေါ်စေရေး အထူးဂရုပြုဆောင်ရွက်ရန်။
၄။    မွေးမြူရေးခြံများရှိ တိရစ္ဆာန်များနှင့် သိုလှောင်ထားသော တိရစ္ဆာန်အစာများအား ရေဘေး ကင်းလွတ်ရာသို့ အချိန်မီပြောင်းရွေ့ သယ်ယူနိုင်ရေး ကြိုတင်စီစဉ်ထားရန်။
၅။    ရေဘေးအန္တရယ်ကျရောက်ချိန်နှင့် ရေပြန်ကျသွားချိန်များတွင် ကူးစက်ရောဂါများ ဖြစ်ပွားတတ်သဖြင့် တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများ ကြိုတင်ထိုးနှံထားရှိရန်။
၆။    တိရစ္ဆာန်များကူးစက်ရောဂါ၊ သာမာန်ရောဂါ နှင့် ထိခိုက်ဒဏ်ရာများ ရရှိပါကဆေးကုသမှု အမြန် ဆောင်ရွက်ရန်။
၇။    ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အကြောင်းကြား ဆက်သွယ်ရန်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

 

Videos

 

 








 
 

On Facebook

Find us on >