နေပြည်တော် နိုဝင်ဘာ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဉ္စမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉:၃၀) အချိန်တွင် ရုံးအမှတ် (၃၆)၊ စုပေါင်းခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးလှကျော်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာကြီးများတက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး လယ်တီစံကျောင်းဆရာတော်ဘုရားကြီးထံမှ တက်ရောက်လာသည့် ပရိတ်သက်များက ငါးပါးသီလခံယူဆောက်တည်ကြပါသည်။

ဆက်လက်၍  ဆရာတော်သံဃာတော်များထံမှ မေတ္တာသုတ် ပရိတ်တော်များကို နာယူကြပြီး ဆရာတော်သံဃာတော်များအား ဒုတိယဝန်ကြီးနှင့်ဇနီး၊ ဌာနဆိုင်ရာအရာရှိကြီးက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် လယ်တီစံကျောင်းဆရာတော်ဘုရားကြီးထံမှ အနုမေဒနာ တရားနာကြား၍ ပရိတ်သတ်များက လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီး ဆရာတော်သံဃာတော်များအား ဒုတိယဝန်ကြီးနှင့် ဇနီး၊ ဌာနဆိုင်ရာအရာရှိကြီးများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

Videos

 

 








 
 

On Facebook

Find us on >