ဌာနပေါ်ပေါက်လာပုံ နောက်ခံသမိုင်းကြောင်း

စိုက်ပျိုးရေးသုတေသနဌာနကို ၁၉၅၄ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့မှစတင်၍ စိုက်ပျိုးရေး သုတေသနဗိမ္မာန်အဖြစ် ဌာနခွဲ(၅)ခု-(၁)အုပ်ချုပ်ရေးဌာနခွဲ၊

(၂)စိုက်ပျိုးရေးဌာနခွဲ၊(၃)စိုက်ပျိုးရေးဓာတု ဗေဒဌာနခွဲ၊ (၄) ပိုးမွှားဌာနခွဲနှင့် (၅) အပင်ရောဂါဌာနခွဲတို့ဖြင့် အရာထမ်း (၁၆)ဦး၊ အမှုထမ်း(၉၉)ဦးတို့ဖြင့်

ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ဆန်စပါးသုတေသနလုပ်ငန်းများကို သီးနှံဌာနစိတ်မှ ပြည်တွင်း ပြည်ပစပါးမျိုးများ ယှဉ်ပြိုင်ခြင်းနှင့် စိုက်ပျိုးနည်း

စနစ်ဆိုင်ရာ စမ်းသပ်မှုများကိုလည်းကောင်း၊ ရုက္ခ ဗေဒဌာနစိတ်မှ စပါးမျိုးကူးစပ်မွေးမြူခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ရာကျော်-၁၊

ရာကျော်-၂ နှင့် စီ ၄-၆၃ စပါးမျိုးများသည် ထိုကာလ၏ သုတေသနရလာဒ်များပင်ဖြစ်ပါသည်။ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းတွင်

စတင်တည်ထောင်ထားသဖြင့် စပါးတစ်မျိုး တည်းကိုသာ သုတေသနပြုလုပ်နိုင်ခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲများက စပါးအပြင်

ယာသီးနှံများကိုပါသုတေသနပြုလုပ်သင့်ကြောင်းသဘောပေါက်ကြပါသဖြင့် အထက်မြန်မာနိုင်ငံတွင် သီးနှံစုံဖြင့် သင့်လျော်မည့်နေရာကို

ရွေးချယ်ရာမှ ပထမတွင် ကျောက်ဆည် ခရိုင်အားရည်ရွယ်ခဲ့သော်လည်း အပူပိုင်းဇုံတွင် ကျရောက်နေပါသဖြင့် အောက်မြန်မာနိုင်ငံနှင့်

အထက်မြန်မာနိုင်ငံ ဆက်စပ်ရာဝန်းကျင် ဖြစ်သော ပျဉ်းမနားမြို့နယ်၊ ရေဆင်းနယ်မြေအား ရွေးချယ်လိုက်ပါသည်။ပထမဦးစွာ ၁၉၇၁

ခုနှစ်တွင် ကြို့ကုန်းမှ ရေဆင်းသို့စတင်​ပြောင်းရွေ့ပြီး၊ စတင်ပြောင်းရွေ့သော ၂-၃ နှစ်အတွင်း တစ်ဧကလျှင် စပါး ၂၆-၃၀ တင်းမျှသာ

ထွက်ရှိသည်။၁၉၇၃ ခုနှစ်တွင် ဆန်စပါးဌာနစိတ်ပြောင်းရွေ့လာပြီး စပါးစမ်းသပ်ကွက်များစတင်စိုက် ပျိုးစမ်းသပ်ခဲ့ပါသည်။

 

ဆန်စပါးသုတေသနလုပ်ငန်းများမှာ မျိုးကူးစပ်ခြင်း၊ စိုက်ပျိုးနည်းစနစ်များ စမ်း သပ်ခြင်း၊ ပြည်တွင်းစပါးမျိုးများစုဆောင်းခြင်း

နှင့်အခြေခံမျိုးအဆင့်(၁)ပွားများခြင်းလုပ်ငန်းများပါဝင် ပါသည်။ ကြို့ကုန်းတွင်မျိုးကူးစပ်၍ရရှိခဲ့သောသားဆက်လိုင်းများကို

ဆက်လက်ရွေးချယ်မှုများပြုလုပ်ခဲ့ရာရွှေဝါထွန်းနှင့် စိန်တလေးစပါးမျိုးများ ရရှိခဲ့ပြီး စတင်ထုတ်ဝေနိုင်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင်

FAO, UNDP အကူအညီဖြင့် စိုက်ပျိုးရေးသုတေသနဌာန တိုးချဲ့ရေးလေးနှစ်စီမံကိန်း(Strengthening of ARI)ဖြင့် သုတေသနလုပ်ငန်း

များတိုးချဲ့ရေးများဆောင်ရွက်ခဲ့ပါသည်။ ထိုစီမံကိန်းတွင် စပါး၊ ဝါ၊ ဂုန်လျှော်၊ ပဲမျိုးစုံမျိုးကောင်းမျိုးသန့် မွေးမြူရေးလုပ်ငန်းများနှင့်

မြေယာပြုပြင်ရေး၊  ဝန်ထမ်းအင်အားတိုးချဲ့ခြင်းများ၊ကျွမ်းကျင်ပညာရှင်များအားပြည်ပမှဌားရမ်းဆောင်ရွက်ခြင်းများ၊လယ်ယာ

သုံးစက်ကိရိယာနှင့် ဓာတ်ခွဲခန်းပစ္စည်းဝယ်ယူဖြည့်တွင်းရေး၊ ပြည်ပသို့ ပညာသင်များစေလွှတ်ခြင်းများဆောင်ရွက်ခဲ့ပါသည်။

အသစ်ဖွင့်လှစ်သောဌာနစိတ်များမှာ(၁)ပြောင်းဖူး နှင့်အခြားသီးနှံ၊ (၂) ကြံဌာနစိတ်၊ (၃) ပဲမျိုးစုံ၊    (၄)ဂုန်လျှော်နှင့်ဝါ၊ (၅) ဟင်းသီး

ဟင်းရွက်နှင့် သစ်သီး ဝလံဌာနစိတ်တို့ဖြစ်ပါသည်။ ၁၉၇၉ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ စီမံကိန်းကာလအား ဒုတိယအကြိမ်အဖြစ်

သီးနှံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Crop Development Project) အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၆ ခုနှစ်တွင် ဓာတုဗေဒဌာန

စိတ်ကိုလည်းကောင်း၊ ၁၉၇၇-၁၉၇၈ ခုနှစ်တွင် ကိမိလ နှင့် ရုက္ခဗေဒတို့အားလည်းကောင်းပြောင်းရွေ့ခဲ့ပါသည်။

 

၁၉၇၈ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အီရီ-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း (IRRI-Burma Cooperative Project) ဖြင့် စပါးမျိုး

ကောင်းမျိုးသန့် မွေးမြူရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်ခဲ့ပြီး ၁၉၈၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ဒုတိယအကြိမ်စီမံကိန်းအား

မြန်မာ-အီရီ သီးနှံပုံစံ စိုက် ပျိုးစနစ်သုတေသနစီမံကိန်းအမည်ဖြင့် ဆန်စပါးသုတေသနလုပ်ငန်းအပြင် စပါးအခြေခံသောသီးနှံပုံစံ

သုတေသနနှင့် အသေးစားလယ်ယာသုံးကိရိယာထုတ်လုပ်ရေးလုပ်ငန်းများပါဝင်သည်။

 

၁၉၈၇ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ သီးနှံတိရစ္ဆာန်မွေးမြူရေးသုတေသနစီမံကိန်း(Crop-Livestock Farming System)ကိုတတိယ

အဆင့်အနေဖြင့်ဆောင်ရွက်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ဖွဲ့စည်းခဲ့ပြီး စိုက်ပျိုးရေးအင်ဂျင်နီယာဌာန စိတ်နှင့်

စိုက်ပျိုးရေးဘောဂဗေဒဌာနစိတ်၊အထက်မြန်မာနိုင်ငံနှင့်အောက်မြန်မာနိုင်ငံတို့တွင်ရှိသော သုတေသနခြံများကိုအုပ်ချုပ်ရန် ဒေသသုတေသန

ရုံးတို့ကိုလည်းကောင်း စတင် ဖွင့်လှစ်ခဲ့ပါသည်။

                  ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအဖြစ် တိုးချဲ့ဖွဲ့ စည်းခွင့်ရရှိခဲ့ပါသည်။

ယခုအခါ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ သီးနှံဌာနခွဲ (၆)ခုဖြင့် ၄င်းဌာနခွဲ (၆)ခုအောက်တွင် သီးနှံဌာနနှင့်အထောက်အကူပြုဌာန

(၁၇)ဌာနနှင့် စီမံခန့်ခွဲ ရေးဌာန၊ ငွေစာရင်းဌာန များဖြင့် ဖွဲ့စည်းထားပါသည်။ ယခုအခါ အပင်မျိုးသစ်များ အကာအကွယ်ပေးရေးလုပ်ငန်းစု၊

​တောင် သူလယ်သမားရုပ်သံလွင့်လုပ်ငန်းစု၊ စိုက်ပျိုးရေးအဏုဇီဝဗေဒသုတေသနဌာနစု၊စပါးဇီဝဥယျာဉ် လုပ် ငန်းစု၊ ရိတ်သိမ်းချိန်လွန်နည်းပညာ

သုတေသနလုပ်ငန်းစုစသည့်လုပ်ငန်းစု၊ ဌာနစုအသစ်များဖွဲ့စည်းခဲ့ ပြီး ယခုအခါ  သီးနှံဌာနနှင့်အထောက်အကူပြုဌာန (၂၁)ဌာနဖြင့် ဖွဲ့စည်းထားပါသည်။

(၁) စပါးနှင့် နှံစားသီးနှံဌာနခွဲ

            ဆန်စပါးသုတေသနဌာနစု

            စပ်မျိုးစပါးသုတေသနဌာနစု

            နှံစားသီးနှံသုတေသနဌာနစု

(၂) ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံဌာနခွဲ

            ဆီထွက်သီးနှံသုတေသနဌာနစု

            ပဲမျိုးစုံသီးနှံသုတေသနဌာနစု

(၃) စက်မှုကုန်ကြမ်းနှင့် ဟင်းသီး ဟင်းရွက်/ သစ်သီးဝလံဌာနခွဲ

            စက်မှုကုန်ကြမ်းသီးနှံသုတေသနဌာနစု

            ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမာန်သုတေသနသီးနှံဌာနစု

(၄) မြေဆီလွှာ၊ ရေအသုံးချရေးနှင့်စိုက်ပျိုးရေးအင်ဂျင်နီယာဌာနခွဲ

            မြေဆီလွှာသုတေသနဌာနစု၊

            ရေအသုံးချရေးသုတေသနဌာနစု

            စိုက်ပျိုးရေးအင်ဂျင်နီယာသုတေသနဌာနစု

(၅) သီးနှံစိုက်ပျိုးရေး၊ လယ်ယာစီးပွားဌာနနှင့် စာရင်းအင်းဌာနခွဲ

            သီးနှံစိုက်ပျိုးရေးစနစ်သုတေသနဌာနစု

            ရိတ်သိမ်းချိန်လွန်နည်းပညာသုတေသနဌာနစု

            စပါးဇီဝဥယျာဉ်သုတေသနလုပ်ငန်းစု

            လယ်ယာစီးပွားသုတေသနဌာနစု

            စိုက်ပျိုးရေးစာရင်းအင်းသုတေသနဌာနစု

(၆) ဇီဝနည်းပညာ၊ မျိုးစေ့ဘဏ်နှင့် သီးနှံကာကွယ်ရေးသုတေသနဌာနခွဲ

            ဇီဝနည်းပညာသုတေသနဌာနစု

            အပင်ရောဂါသုတေသနဌာနစု

            ပိုးမွှားဌာနသုတေသနစု

            မျိုးစေ့ဘဏ်ဌာနစု

            စိုက်ပျိုးရေးအဏုဇီဝဗေဒသုတေသနဌာနစု

မူဝါဒများ (Policy)

သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ ပိုမိုတိုးတက် ဖြစ်ထွန်းစေပြီး တောင်သူလယ်သမားများ၏ လယ်ယာလုပ်ငန်းဝင်ငွေများ ပိုမိုတိုးတက်မြင့်မားလာစေရန်

ချမှတ်ထားသည့်မူဝါဒများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁)  ရေမြေဒေသအခြေအနေနှင့်ကိုက်ညီသော အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းသော သီးနှံမျိုးသစ်များနှင့် စပ်မျိုးများမွေးမြူ

ထုတ်လုပ်ရေးနှင့်မျိုးသန့်မျိုးစေ့များဖြင့် တိုးချဲ့စိုက်ပျိုး နိုင်ရေးဆောင်ရွက်သွားရန်။

(၂)   ဇီဝနည်းပညာနှင့် မော်လီကျူလာနည်းပညာတို့ကို ပင်မမျိုးသစ်မွေးမြူရေးလုပ်ငန်းများတွင် တိုး မြှင့်အသုံးပြုဆောင်ရွက်သွားရန်။

(၃)  သီးနှံမျိုးသစ်များကိုမွေးမြူထုတ်လုပ်ရွေးချယ်ရာတွင် စိုက်ပျိုးသူတောင်သူများကိုယ်တိုင်ပါဝင် ဆောင်ရွက်သွားစေရန်။

(၄)  သီးနှံအမယ်လိုက် မျိုးသစ်များ မွေးမြူထုတ်လုပ်ရာတွင် လိုအပ်သလို အသုံးပြုနိုင်ရန် မျိုးရိုင်း များ၊ မျိုးအဟောင်းများနှင့်မျိုးဗီဇကွဲ

   များကိုမျိုးစေ့ဘဏ် တွင်ထိန်းသိမ်းခြင်းလုပ်ငန်း(Genetic Resources Conservation) မျိုးမွေးမြူရေး အကြိုလုပ်ငန်း(Prebreeding)

   များအား ဆောင်ရွက်ရန်။

(၅)  သဘာဝပတ်ဝန်းကျင်နှင့် စားသုံးသူအန္တရာယ်ကင်းရှင်းစေမည့် ဘက်စုံပိုးမွှားရောဂါကာကွယ် ရေးနည်းပညာများ (Integrated Pest

     and  Diseases Management) သုတေသနပြုဖော် ထုတ်ရန် ။

(၆)  သီးနှံအမယ်လိုက်စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်လွန်ကာလအထိသိပ္ပံနည်းကျ စိုက်စနစ် များ (Good Agriculture Practices-

  GAP)နှင့် သိပ္ပံနည်းကျ ကုန်ချော ထုတ်လုပ်သည့် နည်း စနစ်များ(Good Manufacturing Practices - GMP)တို့ကို စိုက်ပျိုးသူတောင်သူ

   များနှင့် ပူးတွဲသုတေသနပြု ဖော်ထုတ်ရန်။

(၇)   လယ်ယာကဏ္ဍ၏ ထုတ်လုပ်နိုင်မှုစွမ်းအားကိုတိုးမြှင့်ပေးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရန် Organic Farming နှင့်

Conser- vation Agriculture ကဲ့သို့ ရေရှည် တည်တံ့ သည့် စိုက်ပျိုးနည်းစနစ်သစ်များဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ

(Research and  Development)ကိုတိုးမြှင့်ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဌာနအသီးသီးပါဝင်သောအမျိုးသားအဆင့် စိုက်ပျိုးရေး

သုတေသနနှင့် ပညာပေးရေးစနစ် (National Agriculture Research and Extension System) တစ်ရပ် ထူထောင်၍ ဆောင်ရွက်သွားရန်။

(၈)  ရာသီဥတုပြောင်းလဲမှုအပေါ် လိုက်လျောညီထွေရှိစေမည့် သီးနှံမျိုးများ စိုက်ပျိုးထုတ်လုပ်ရေး နှင့် စိုက်ပျိုးနည်းစနစ်များ(Climate Smart

    Agriculture)၊ မြေနှင့် ရေအားအကျိုးရှိစွာအသုံး ချစေနိုင်မည့် သီးလှည့်စနစ်များ (Crop Rotation)သီးရောစနစ်များ (Mixed Cropping)၊

    သီးညှပ်စနစ်များ(Inter Cropping)၊ သီးနှံသစ်တောရောနှော စိုက်ခင်း(Agro-forestry)နှင့် သီးနှံပုံစံများ (Cropping Pattern) တို့ကို သုတေသန

    ပြုဆောင်ရွက်သွားရန်။

(၉)  သုတေသနလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်စေနိုင်ရေးအတွက် သုတေသီများလွယ်ကူစွာ အသုံးချနိုင်မည့် သုတေသနပြုနည်းစနစ်များ

      ဖော်ထုတ်၍လက်စွဲစာအုပ်များ (Research Manual) ရေးသား ပြုစုရန်။

(၁၀)  စိုက်ပျိုးရေးသုတေသနဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများအား ခေတ်နှင့်လျော်ညီစွာ ပြဋ္ဌာန်း အကောင်အထည်ဖော်ရန်။

(၁၁)  သုတေသနနှင့် ပညာပေးရေးကဏ္ဍတွင် ပုဂ္ဂလိကနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးအားပေးရန်။

             (၁၂)  စိုက်ပျိုးရေးသုတေသနပညာရှင်များကိုစဉ်ဆက်မပြတ်လေ့ကျင့်ပေးရန်နှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးရန်။

ရည်မှန်းချက် (Vision) 

စားနပ်ရိက္ခာဖူလုံစေရေးအတွက်အထောက်အကူပြုသည့် အဆင့်မြင့်သုတေသနလုပ်ငန်း များ ဆောင်ရွက်ရာတွင် အာဟာရပြည့်ဝစေမည့် သီးနှံမျိုးများ

နှင့် စိုက်ပျိုးနည်းစနစ်များကို စွန့်ဦး တီထွင် ဆောင်ရွက်သွားရန်။

 

ဖွဲ့စည်းပုံ

 

***ဌာန၏လုပ်ငန်းတာဝန်များ***

Videos

 

 










 
 

On Facebook

Find us on >