နေပြည်တော် ဇူလိုင် ၂၄

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ဧပြီလမှ ဇွန်လအထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုလုပ်ငန်းညှိနှိုင်း

အစည်းအဝေးအား ယနေ့နံံနက် (၈) နာရီခွဲအချိန်က နေပြည်တော်၊ ရုံးအမှတ် ၃၆၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး

ဒေါက်တာအောင်သူတက်ရောက်အမှာစကားပြောကြားပြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် က ဦးစီးဌာန၏  ၂၀၁၈ ခုနှစ်၊

ဧပြီလမှ ဇွန်လအထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊

တိုင်းဒေသကြီးပြည်နယ်ဦးစီးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

Videos

 

 








 
 

On Facebook

Find us on >