နေပြည်တော် ဧပြီ ၄

(၁) နေအပူချိန်မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်များရှိကန်ရေများ ရေငွေ့ပျံပြီးရေလျော့ နည်းကျဆင်းလာသဖြင့်ကန်ထဲရှိငါးများ၏စွန့်ပစ်အညစ်အကြေးကြောင့်သော်လည်းကောင်း၊ မွေးမြူထားသောငါးများကို အစာကျွေးလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့်သော် လည်းကောင်း၊ရေထုညစ်ညမ်းပြီး ဆက်စပ်၍ငါးရောဂါကျရောက်တတ်သဖြင့် သြဇာဓါတ် ထည့်သွင်းခြင်းနှင့် ငါးအစာအလွန်အကျွံကျွေးခြင်းကို လျော့ချရန်။

(၂) နံနက်ပိုင်းမိုးအုံ့သောရက်၊နှင်းကျသောရက်များနှင့်နေထွက်နောက်ကျသောရက်များတွင်ငါး  များခေါင်းထောင်လျှက် ကူးခတ်ခြင်း၊ ကမ်းစပ်သို့စုပြုံလာခြင်း မျိုးရှိပါကငါးမွေးမြူးကန် သည်အောက်ဆီဂျင်လျော့နည်းမှုဖြစ်ပွားနေသဖြင့်ကန်အတွင်းသို့ရေသစ်သွင်းခြင်း၊ရေပန်းချ ခြင်း၊ရေဒလက်များမောင်းပေးခြင်း၊မွေးမြူကန်အတွင်းလှေလှော်ပေးခြင်းစသည့်နည်းလမ်းများရေတွင်ပျော်ဝင်အောက်ဆီဂျင်မြင့်တက်စေရေး ဆောင်ရွက်ပေးရန်။

(၃) ငါးမွေးမြူရေးကန်များ နေအပူချိန်လွန်ကဲမှုကြောင့် ရေခမ်းလာပါက သန့်ရှင်းသောရေသစ် များဖြည့်သွင်းပေးရန်။

(၄) ရေသစ်သွင်းရန်အခက်အခဲရှိပါက မွေးမြူထားသောငါးများကိုအရေအတွက် လျော့ချမွေးမြူ ရန်။

(၅) အပူချိန်ပြင်းပြသည့်အချိန်များဖြစ်သည့်နေ့လည်ပိုင်းတွင်ငါးများကန်ပြောင်းရွေ့ခြင်းမပြုရန်။

(၆) ကန်ရေအရောင်အသွေး သတ်မှတ်ချက်ဖြစ်သည့် ရေကြည်နှုန်း(၂၅-၄၀)စင်တီမီတာ အတွင်း ရှိနေစေရန်(မိမိလက်ကိုတံတောင်ဆစ်အထိရေတွင်နှစ်၍ လက်ဝါးကိုဖြန့်ပါက ခပ်ရေးရေးမြင်  ရသောအခြေအနေရှိရပါမည်)။

(၇) ကန်ရေအပူချိန်မြင့်မားသော အချိန်များတွင် ရေထုညစ်ညမ်းမှုဖြစ်စေသည့် ကဇော်ဖတ်၊ဝါးဇော် ဖတ်များကျွေးခြင်းကိုရှောင်ကြဉ်၍ ပုံမှန်အစာများကိုသာချိန်ဆကျွေးရန်။

(၈) အစာကျွေးပြီးပါက အစာကျန်များရှိ/မရှိကိုပုံမှန်စစ်ဆေးရန်။

(၉) မွေးမြူရေးကန်အားလိုအပ်ပါက ရေသစ်လဲလှယ်နိုင်ရေးအတွက် ရေကောင်းရေသန့်သိုလှောင်  သည့် အရန်ကန်စီစဉ်ထားရှိပြီး ရေများရနိုင်သမျှသိုလှောင်ထားရန်။

(၁၀) ကန်အခြေအနေနှင့် ရေအရည်အသွေးပြောင်းလဲမှုအခြေအနေများကို နေ့စဉ်နံနက်(၆)နာရီ၌ ပုံမှန်စစ်ဆေးရန်။

(၁၁) ငါးမွေးကန်၌ပုံမှန်မဟုတ်သောအခြေအနေပြောင်းလဲခြင်းမျိုးများဖြစ်ပေါ်လာသည်ကိုတွေ့ရှိရပါကအနီးဆုံးငါးလုပ်ငန်းဦးစီးဌာနသို့ဆက်သွယ်ဆောင်ရွက်ရန်။

ငါးလုပ်ငန်းဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

 

Videos

 

 










 
 

On Facebook

Find us on >