နိုင်ငံတော်စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံ ရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်း များကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြှုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်း စေရေးအတွက် အောက်ဖေါ်ပြပါအချက်များကို ငါး/ပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
၁။    မွေးမြူရေးကန်များ၏ ကန်ဘောင်များခိုင်ခံ့ရန်အတွက် ကန်ဘောင်ပါးသော နိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ဘောင်ခိုင်ခံ့အောင် ပြုလုပ်ထားရန်။
၂။    အကယ်၍ ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံ ထားရန်။
၃။    ရေစီးကြောင်းနှင့်နီးသော ငါးကန်များတွင်ရေတိုက်စားမှုမှ ကာကွယ်ရန်အတွက် တုတ်ရိုက်ပြီး ဝါးထရံ များဖြင့် ကာရံ၍သဲအိတ်များဖို့ထားရန်။
၄။    လိုအပ်ပါက ငါးများရွေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားရန်နှင့် အထူးသဖြင့်မျိုးငါးကြီးများအား ဦးစားပေးရွေ့ပြောင်းထားရန်။
၅။    သိုလှောင်ထားသောငါးအစာနှင့် လုပ်ငန်းသုံးပစ္စည်းများအား ရေလွတ်သောနေရာသို့ရွေ့ပြောင်းထားရန်။
၆။    ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများလွတ်ထွက်မသွားစေရေး ဆောင်ရွက်ထားရန်။
၇။    မွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ ရေကျော်မည့်နေရာများအား အစဉ် ဂရုတစိုက် စစ်ဆေးနေရန်။
၈။    ထူးခြားသည့်အခြေအနေများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ဆက်သွယ်သတင်းပေးနိုင်မည့် နည်းလမ်းများအား ကြိုတင်ပြင်ဆင်ထားရန်။
၉။    အစိုးရပိုင်ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျှက်ရှိသော အရေးပေါ်မိုးလေဝသ သတိ ပေးချက်များနှင့် ပတ်သက်သည့်သတင်းများကို အမြဲဂရုတစိုက်နားထောင်ရန်နှင့် ပြည်တွင်းထုတ် နေ့စဉ်သတင်းစာများတွင်ပါရှိသည့် မိုးလေဝသနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါးများအား အမြဲမပြတ်ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းအချင်း သတင်းအချက်အလက် ဖလှယ်ကြရန်။
၁၀။    ရေကြီးနစ်မြှုပ်မှုအတွက် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်ပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများနှင့် ဆက်သွယ် အကူအညီတောင်းခံကြရန်။


                        စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန
                                ငါးလုပ်ငန်းဦးစီးဌာန

 

Videos

On Facebook

Find us on >