စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ၏ ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ်၊ GAqP စနစ်နှင့်အညီ၊ ငါးပုစွန်မွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေး ညှိနှိုင်းအစည်း အဝေးအား၊ယနေ့ နံနက်(၀၉:၀၀) နာရီတွင် နေပြည်တော်ရှိ၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၃၆)တွင်ကျင်းပရာပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်အမှာစကားပြောကြားသည်။

 ပြည်ထောင်စုဝန်ကြီးက၊ ငါးလုပ်ငန်းကဏ္ဍဟာ နိုင်ငံတော်စီးပွားရေးမှာပင်မကဏ္ဍကြီးတစ်ခု အဖြစ်ရပ်တည်နေပြီဖြစ်သည့် အားလျော်စွာ ၊ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဉပဒေနှင့်အညီဆောင်ရွက်ရန် မျှော်မှန်းချက်မူဝါဒ ရည်မှန်းချက်များနှင့်အတူ လုပ်ငန်းစဉ်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများနှင့် ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဉပဒေရဲ့ အခန်း(၅)မှာရှိသည့် ငါးသယံဇာတအရင်းအမြစ်များ ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ရေး ငါးမွေးမြူခြင်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး နှင့်စီမံခန့်ခွဲရေးအရ  GAqPကိုကျင့်သုံးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ GAqP စနစ်ကိုမဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဝိုင်းဝန်းဆွေးနွေးပြီး တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် ငါး၊ ပုစွန်မွေးမြူရေးကန်များမှ ကောင်းမွန်သောရေသတ္တဝါကျင့်စဉ် GAqP လိုက်နာဆောင် ရွက်နိုင်စေရန် ကွင်းဆင်းစစ်ဆေးစည်းရုံးဆောင်ရွက်သွားဖို့လို့ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးခင်မောင်မော်က မွေးမြူရေးကဏ္ဍဆိုင် ရာဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ်၊(GAqP)အားငါးလုပ်ငန်းဦးစီးဌာန ၊ဒုတိယညွှန်ကြားရေးမှူး ဒေါ်မော်မော်သန်းမှ၎င်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းခရိုင်ဦးစီးမှူးများ၊ မွေးမြူရေးဆိုင်ရာတာဝန်ခံများမှ (GAqP) စနစ် ဆောင်ရွက် နေမှုအခြေများအား ရှင်းလင်းတင်ပြဆွေးနွေးကြပါသည်။

အဆိုပါဆွေးနွေးပွဲအား ဇန်နဝါရီ(၁၄) ရက်နေ့ထိဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

Videos

 

 










 
 

On Facebook

Find us on >