ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day) အထိမ်းအမှတ်အခမ်းအနားကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌

( ၁၆ - ၁၀ - ၂၀၁၈) ရက်နေ့တွင် ကျင်းပခဲ့ရာအဆိုပါအခမ်းအနားသို့ နိုင်ငံတော်ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိ

သူများ၊ FAO နှင့် NGO/INGO များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ

ထန်း၊အုန်း၊ သရက်၊ ခရမ်းချဉ်သီးများ ဖြင့်ပြုလုပ်သည့် တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲအခြေခံတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများဖြစ်သောအားဖြည့်

အာဟာရမှုန့်၊ အချိုမှုန့်အစား ထိုးဟင်း ခတ်မှုန့်၊ Salted Pigeon Pea၊ Chiffon Cake၊ စာကလေးခွေ၊ ပဲစဉ်းငုံပူတင်း၊ ကွတ်ကီးမုန့်များအား ခင်းကျင်း

ပြသခဲ့ပါသည်။

Videos

 

 










 
 

On Facebook

Find us on >